သင်တန်းကြေးပေးချေမှု
- Master Card, Visa Card အသုံးပြုသူများအနေဖြင့် website တွင် တိုက်ရိုက်ဝယ်ယူနိုင်ပါတယ်။
- မြန်မာငွေကျပ်ဖြင့် ပေးချေလိုပါက Kpay, Wavemoney, KBZ bank, AYA bank, CB bank တို့မှ ဝယ်ယူနိုင်ပါတယ်။ ပေးချေမှုပုံစံအသေးစိတ်ကို Charmya e-Learning Facebook Page Messenger တွင် မေးမြန်းစုံစမ်းနိုင်ပါတယ်။
FAQ
-
Charmya အကြောင်းရှင်းပြပါ။
Charmya e-Learning Platform ဟာ ကမ္ဘာတဝှမ်းရှိ မြန်မာနိုင်ငံသားတိုင်း နယ်ပယ်အသီးသီးမှ တတ်မြောက်ထားသင့်တဲ့ အဖိုးတန်ပညာရပ်တွေကို အသက်အရွယ်မရွေး၊ နေရာဒေသမရွေး၊ အချိန်မရွေး အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ဖို့ ရည်ရွယ်ပြီး ဖန်တီးထားတဲ့ Platform တစ်ခုဖြစ်ပါတယ်။ နယ်ပယ်အသီးသီးက ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်တွေနဲ့အတူတူ ပူးပေါင်းပြီးတော့ ဖန်တီးရိုက်ကူးထားတဲ့ အရည်အသွေးကောင်းမွန်တဲ့ ဗီဒီယိုသင်ခန်းစာတွေကို ဘာသာစကားအခက်အခဲမရှိဘဲ လေ့လာနိုင်မှာဖြစ်ပါတယ်။ Website ထဲမှာ Sign In လုပ်လိုက်ရင် Free Course သင်ခန်းစာများနဲ့ Trial Video များကိုဝင်ရောက်လေ့လာနိုင်ပါတယ်။
-
သင်တန်းတစ်ခါဝယ်ယူပြီးရင်ဘယ်လောက်ထိဝင်ကြည့်လို့ရလဲ။
Course ကိုတစ်ကြိမ်ဝယ်ယူပြီးရင် Lifetime ဖြစ်ပါတယ်။ ဗီဒီယိုသင်ခန်းစာတွေနဲ့လေ့လာရမှာဖြစ်တာကြောင့် အချိန်ကန့်သတ်ချက်မရှိဘဲ ကိုယ်အဆင်ပြေတဲ့အချိန်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
-
Charmya website မှာ ဘယ်လိုသင်ခန်းစာတွေလေ့လာလို့ရနိုင်ပါသလဲ။
Charmya e-Learning website မှာ ကဏ္ဍပေါင်းစုံက ဗီဒီယို သင်ခန်းစာတွေကို အချိန်မရွေး နေရာမရွေး လေ့လာသင်ယူနိုင်ပါတယ်။ လောလောဆယ်မှာတော့ ပညာရပ်ပိုင်းဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ ဂီတ၊ ဒီဇိုင်းနှင့် Personal Development စတဲ့ နယ်ပယ်များမှဘာသာရပ်များကို သင်ယူလေ့လာနိုင်ပါတယ်။
-
သင်ကြားမှုပုံစံကဘယ်လိုလဲ။
Charmya e-Learning website မှာ ကြိုတင်ရိုက်ကူးထားသော ဗီဒီယိုသင်ခန်းစာများနှင့် လေ့လာရမှာဖြစ်ပါတယ်။ website မှာ Sign In လုပ်ပြီးတာနဲ့ Free Course များနဲ့ Trial Lesson video များကိုဝင်ရောက်လေ့လာနိုင်ပါတယ်။
-
Paid Course များတက်ရောက်လိုပါက ဘယ်လိုလုပ်ရမလဲ။
သင်တန်းကြေးပေးချေရသောသင်တန်းများတက်ရောက်လိုပါက Charmya e-Learning Facebook Page Messenger တွင် ပေးချေလိုသော Mobile banking account ကိုစုံစမ်း၍ပေးသွင်းနိုင်ပါတယ်။ ငွေလွှဲစစ်ဆေးပြီးပါက တစ်နာရီအတွင်း Website တွင် Enroll လုပ်ပေးပါတယ်။ Enroll လုပ်ပြီးသည်နှင့် စတင်လေ့လာလို့ရပါတယ်။
-
IGCSE ဆိုတာဘာလဲ။
𝗜𝗚𝗖𝗦𝗘 ဆိုတာ ပြည်တွင်းရှိ ပုဂ္ဂလိက တက္ကသိုလ်၊ ကောလိပ်တွေနဲ့ နိုင်ငံရပ်ခြားမှာရှိတဲ့ တက္ကသိုလ် ကောလိပ်တွေမှာ ဆက်လက် ပညာသင်ယူနိုင်ဖို့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက အသိအမှတ်ပြုထားတဲ့ အထက်တန်းပညာရေးစနစ် တစ်ခုဖြစ်ပါတယ်။
-
IGCSE ဘာသာရပ်တွေက CIE လား။ Edexcel လား။
ESL(English), Maths B, Physics နဲ့ Business Studies ဘာသာရပ်များကတော့ CIE ပါ။ ICT နဲ့ Chemistry ကတော့ Edexcel ပါ။
-
EJU Exam ဆိုတာဘာလဲ။
EJU Exam ဆိုတာ ဂျပန်နိုင်ငံရှိတက္ကသိုလ်များတွင် ဘွဲ့ကြိုသင်တန်းများ သွားရောက်လေ့လာချင်သူ နိုင်ငံခြားကျောင်းသားများအတွက် စီစဉ်ထားသော ဂျပန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတစ်ခုဖြစ်ပါတယ်။ Examination for Japanese University Admission for International Students - EJU စာမေးပွဲမှာ ဘာသာရပ်များအနေနဲ့ - Japanese as a Foreign Language - Science - Japan and the World နှင့် - Mathematics စတဲ့ ပညာရပ်ဆိုင်ရာ အခြေခံဗဟုသုတ (၄)ခု ကို စစ်ဆေးပါတယ်။ Japanese as a Foreign Language ဘာသာရပ်ကိုတော့ ဂျပန်ဘာသာဖြင့်သာ ဖြေဆိုရတာကြောင့် အနည်းဆုံး JLPT N3 အထက်ရှိသူသာ ကောင်းစွာဖြေဆိုနိုင်မှာဖြစ်ပါတယ်။ ကျန်ဘာသာရပ်များကိုတော့ ဂျပန် (သို့မဟုတ်) အင်္ဂလိပ်ဘာသာစကားဖြင့် ရွေးချယ်ဖြေဆိုနိုင်ပါတယ်။
-
စာတွေနားမလည်တဲ့အခါဘယ်လိုမေးရမလဲ။
e-Learning ရဲ့သဘောသဘာဝအရ ကျောင်းသားနဲ့ ဆရာကတိုက်ရိုက်တွေ့ပြီး မေးခွန်းမေးမြန်းတာတော့ လုပ်နိုင်ခြင်းမရှိပါဘူး။ အဲ့ဒီအတွက်ကြောင့်လည်း သင်ခန်းစာတိုင်းမှာ သီအိုရီသဘောတရားတွေကို သေချာနားလည်အောင် ဆရာ/ဆရာမများက ရှင်းလင်းသင်ကြားပေးထားပါတယ်။ နောက်ပိုင်းမှာတော့ တောင်းဆိုတဲ့ကျောင်းသားဦးရေများလာတဲ့အခါ၊ မေးမြန်းဖို့လိုအပ်လာမယ့် ဘာသာရပ်တချို့ရှိလာတဲ့အခါမှာ ဆရာနဲ့တိုက်ရိုက်ဆွေးနွေးလို့ရမယ့် webinar တစ်ခုကိုဖန်တီးဖို့ စဉ်းစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျောင်းသားက သင်ခန်းစာကို နားလည်ကျေညက်သွားတဲ့အထိ ဗီဒီယိုကိုထပ်ခါထပ်ခါလေ့လာနိုင်တဲ့ အားသာချက်ရှိပါတယ်။