Charmya offers quality online lessons to Myanmar people around the world regardless of time, place, age and language barriers.

LEARNING IS FUN

သင်ဒီနေ့ဘာလေ့လာချင်ပါသလဲ

Learn Today for Better Tomorrow

Learn Anytime Anywhere with Charmya

နိုင်ငံတစ်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေးအတွက် ပညာရေးသည် ကြီးစွာသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ နိုင်ငံသားများ ပညာတတ်မြောက်လာသည်နှင့်အမျှ နိုင်ငံပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ပင် ဖြစ်သည်။ ပညာဆိုသည်မှာ အတန်းပညာတစ်ခုတည်းကို ဆိုလိုသည်မဟုတ်ဘဲ အသိပညာ၊ အတတ်ပညာ၊ သက်မွေးဝမ်းကျောင်းပညာရပ်များအားလုံး ပါဝင်ပါသည်။ 

မိမိတို့နိုင်ငံ တိုးတက်လာစေရန်၊ ရှေ့ရောက်လာစေရန်မှာ မိမိတို့၏ တာဝန်သာဖြစ်ပါသည်။ မိမိနိုင်ငံ တိုးတက်ပြောင်းလဲလာစေဖို့ မိမိတို့ကိုယ်တိုင်သာ ကြိုးစားစွမ်းဆောင်ကြရမည်ဖြစ်ပါသည်။

မြန်မာအားလုံး သင်ကြားသင်ယူမှုပြုလုပ်ပြီး ပိုမိုတိုးတက်ကောင်းမွန်သော နိုင်ငံတည်ဆောက်ရာတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ကြပါစို့။

Student testimonials

“Charmya e-Learning က တင်ထားတဲ့ဖိုင်တွေ အတော်များများ ကြည့်ဖြစ်တယ်။ တကယ်ကောင်းတာပဲ။ eLearning နယ်ပယ်မှာ ကျွန်တော်ကတော့ စာသင်ကြားနေတာ .... ၇နှစ်နီးပါးရှိပါပြီ။ လက်ရှိလည်း Myanmar Online University ဆိုတဲ့နာမည်နဲ့ စာတွေသင်နေပါတယ်။ ဆရာမတို့ လုပ်တာကတော့ တကယ့်ကို လူအင်အားအပြည့်နဲ့ လုပ်နိုင်တာဆိုတော့ instructional video တွေကအစ နိုင်ငံတကာ အဆင့်မီပါတယ်။ အခုလို လုပ်နိုင်တာကိုလည်း လေးစားပါတယ်ဗျာ။”

Andrew Myint Myat

“အလုပ်တစ်ဖက်နဲ့မို့ စာလုပ်ရတာ အချိန်မပေးနိုင်တဲ့သူတွေအတွက် ဘယ်အချိန်ပဲလေ့လာ လေ့လာ အဆင်ပြေလို့ သဘောကျပါတယ်။”

ထက်ထက်

“japanစာ EJU လေ့လာရတာ အရမ်းအဆ်ပြေပါတယ်။University entrance အတွက် လိုအပ်တဲ့ဘာသာရပ်လေးတွေလဲ ထပ်ပြီးလေ့လာချင်ပါသေးတယ်ရှင့်”

နှင်းကေခိုင်

“စာလဲစုံပြီး past paper တွေကိုပါpdf နဲ့ပေးထားတော့အလွယ်တကူလေ့လာလို့ရတဲ့အတွက် အရမ်းအဆင်ပြေပါတယ်၊”

ဟန်နွေဇင်

“grade courses and fair price”

သီရိ

“charmya e-Learning မှာ ရှိတဲ့ course လေးတွေက စာကို ထိထိမိမိနဲ့သေချာ သင်ပေးထားတာတွေမို့ အားလုံးကို လေ့လာစေချင်ပါတ”

ကောင်းခန့်

“နားလည်လွယ်အောင် video graphic လေးတွေ၊ စာတွေကို highlight လုပ်ပြီး ရှင်းပြထားတာတွေကို အရမ်းကြိုက်ပါတယ်”

မှူး

“သင်ခန်းစာတွေကို စာ့အပြင် ပြင်ပဗဟုသုတတွေနဲ့ပါ တွဲပြီးရှင်းပြပေးတဲ့အတွက် အရမ်းကိုကောင်းပါတယ်။”

သင်းနု

“လက်ရှိ ITPEC IP ကို Charmya မှာ တက်နေတာပါ ဆရာမကစာရှင်းပြတာကောင်းသလို မေးခွန်းဟောင်းတွေနဲ့ပါ တွဲရှင်းပြပေးပါတယ်။ ပေးရတဲ့ သင်တန်းကြေးနဲ့ အရမ်းကိုတန်ပြီး စာလုပ်ရတာလဲ အရမ်းအဆင်ပြေပါတယ်။”

ထက်ဦး